News

သူတို့ရဲ့နောက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ခွန်အားနဲ့ အသက်ဆက်ရှင်သန်နေကြပါတယ်ဆိုတဲ့ ထောင်ထဲမှလူငယ်လေးတွေရဲ့ ကျေးဇူးတင်စကား

သူတို့ရဲ့နောက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ခွန်အားနဲ့ အသက်ဆက်ရှင်သန်နေကြပါတယ်ဆိုတဲ့ ထောင်ထဲမှလူငယ်လေးတွေရဲ့ ကျေးဇူးတင်စကား

ပြည်သူလူထုကတော့ အခုချိန်မှာ ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီလိုမျိုး စည်းစည်းလုံးလုံးနေထိုင်နေကြတာဖြစ်ပါတယ်။ဒီကာလမှ ာ အန္တရာယ်တွေမျိုးစုံကို ကြုံတွေ့နေရပေမယ့်လည်း ပြည်သူတွေက စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ဖြတ်ကျော်နေကြတာဖြစ်ပါတ ယ်။

 

 

လူထုလှုပ်ရှားမှုတွေမှာပါဝင်တဲ့ လူငယ်လေးတွေလည်း ဖမ်းဆီးခံနေရတဲ့အခြေအနေဖြစ်လို့ တချို့ရှေ့နေတွေက ဥပဒေဘောင်အတွင်းကနေ ကြိုးစားဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။ထောင်ထဲရောက်နေတဲ့ ကျောင်းသားလေးတွေကလည်း အခက်အ ခဲမျိုးစုံကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

 

စေတနာရှင်တွေကတော့ အခုလိုမျိုး အများအကျိုးအတွက်ဆောင်ရွက်ရင်း ဖမ်းဆီးထိန်းသိမ်းခံရလို့ ထောင်ထဲရောက်နေတဲ့ကျောင်းသားလေး၊လူငယ်လေးတွေအတွက် စားစရာတချို့ကို ကိုယ်တိုင်သွားပို့ပေးကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း သူတို့ကို အားပေးစကားလေးတွေပြောပေးပြီး ကူညီနိုင်သလေ ာက် ကူညီပေးကြတာဖြစ်ပါတယ်။

 

 

ဖမ်းဆီးခံထားရတဲ့လူငယ်လေးတွေကလည်း လာလှူပေးကြတဲ့ စေတနာရှင်တွေကို ရင်ထဲကနေ အရမ်းကျေးဇူးတင်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း တောင်လေးလုံးထောင်မှ လူင ယ်လေးတွေက သူတို့အကုန်လုံး အထဲမှာ ကျန်းမာစွာနဲ့ကောင် းကောင်းမွန်မွန်နေရတဲ့အကြောင်းလေးနဲ့ အလှူရှင်တွေကိုကျေ းဇူးတင်စကားပြောထားကြတာဖြစ်ပါတယ်။

 

အလှူရှင်တွေလာပေးတဲ့ ချိုချဉ်တစ်လုံးကအစ သူတို့အတွက်အားဆေးပဲဖြစ်ပါတယ်။သူတို့ရဲ့နောက်မှာ ပြည်သူတွေရှိတယ်ဆိုတဲ့ ခွန်အားနဲ့ အသက်ဆက်ရှင်သန်နေကြတာဖြစ်ပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ လူငယ်တွေအကုန်လုံးလွတ်မြောက်ကြပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer