News

အမှန်တရားအတွက် ဘာကိုမှမငဲ့ဘဲ တိုက်ပွဲဝင်ခဲ့တဲ့နောက်ကွယ်က သူ့ရဲ့ ဆုံးရှုံးနစ်နာမှုများစွာကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ ဟန်လင်း

အမှန်တရားအတွက် ဘာကိုမှမငဲ့ဘဲ တိုက်ပွဲဝင်ခဲ့တဲ့နောက်ကွ ယ်က သူ့ရဲ့ ဆုံးရှုံးနစ်နာမှုများစွာကို ရင်ဖွင့်ပြောပြလာခဲ့တဲ့ ဟန်လင်း

ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ အခိုင်အမာရပ်တည်ခဲ့သူများထဲတွင် မော်ဒယ် ဟန်လင်းတစ်ယောက်လည်း အပါအ ဝင်ပဲ ဖြစ်ပါတယ်။ သူကတော့ မေဦးနဲ့အတူ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ရုံသာမကဘဲ ညဘက်များတွင်လည်း မပျက်မကွက် သံဗုံးတီးခဲ့သူ ဖြစ်ပါတယ်။

 

 

လူထုလှုပ်ရှားမှုများတွင် အခုလို တက်ကြွစွာပါဝင်ခဲ့တဲ့ ဟန်လ င်းကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူထားကြတာ ဖြစ်ပါတယ် ဟန်လင်းကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတစ်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး တော်လှန်ရေးအတွက် ကျရာနေရာကနေ ပါဝင်တိုက်ပွဲဝင်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

 

 

သူ့ရဲ့ လှုပ်ရှားမှုတစ်ချို့ကိုလည်း ပရိသတ်တွေအား ဝေမျှပေးလေ့ရှိပြီး မနေ့ညက ဟန်လင်းရဲ့ လူမှုကွန်ယက်တွင် အမှန်တ ရားအတွက် ဘာကိုမှမငဲ့ကွက်ဘဲတိုက်ပွဲဝင်ခဲ့တဲ့နောက်ကွယ်မှာ ဆုံးရှုံးနစ်နာမှုများစွာရှိခဲ့ကြောင်း ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။

 

 

 

သို့ပေမယ့်လည်း ဒီဆုံးရှုံးသွားတဲ့ အရာတွေနဲ့ နိုင်ငံရေးအခြေ အနေတွေက ပေးခဲ့တဲ့ သင်ခန်းစာတွေဟာ ရှေ့ဆက်လျှောက်မယ့် လမ်းကြောင်းအတွက် ခွန်အားတစ်ခုဖြစ်စေကြောင်းကိုလည်း အခုလို ရေးသားပြောပြထားတာ ဖြစ်ပါတယ်။

 

” အမှန်တရား အတွက် ဘာ ကို မှမငဲ့ဘဲ တိုက်ပွဲ ဝင် ခဲ့ ပေ မ ယ့် အခု ချိန် အ နောက် ကို ပြန် လှည့် ကြည့် လိုက် မှဆုံးရှုံး န စ်နာ မှု ဟာ အင်မတန် များ မှန်း သိ လိုက် ရ တယ်။ ဒါပေမယ့် ဆုံးရှုံး သွား တဲ့ အရာ တွေ နဲ့ ဒီ နိုင်ငံရေးအခြေအနေ က ပေ းလိုက် တဲ့ သင်ခန်းစာ က တော့ ရှေ့ဆက် လျှောက် မယ့် လ မ်းကြောင်း အတွက် မဟာခွန်အား ပါ ပဲ။

 

 

အခုကြုံတွေ့နေရတာတွေကိုတော့ နောင်မှအားလုံးအတွက်အာ းဆေး အဖြစ်နဲ့ ပြန်ပြောပြချင်သေးတယ်ဗျာ…” ဆိုပြီး ရေး သားထားတာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေများစွာ ဆုံးရှုံးနစ်နာမှုများစွာ ရင်ဆိုင်ကြုံ တွေ့နေကြရတာ ဖြစ်ပါတယ်။တိမ်းရှောင်နေကြရတဲ့ အနူပညာ ရှင်များနဲ့ ပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းဝေးကာ မိ သားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတေ ာင်းပေးလိုက်ရပါတယ်။

crd#original writer