Feature News

ဇွန်လ (၁) ရက်နေ့မနက်ဖြန်မှ စ၍ Facebook အသုံးပြုခွင့်ပိတ်ပင်နိုင်…(တကယ်ပိတ်မယ်ဆို VPN နဲ့လည်း ကျော်သုံးလို့ မရတော့ပါဘူး)

စစ်ကောင်စီအနေဖြင့် အင်တာနက်အသုံးပြုမှုအား Whitelist ဖြင့်သာခွင့်ပြုမည်ဟူသောသတင်းများ မကြာမီက ထွက်ပေါ်လာခဲ့ပြီး အသုံးပြုခွင့်ပေးသော App များတွင် Facebook၊ ပါဝင်ခဲ့ခြင်း မရှိသည်ကို အားလုံးသိရှိပြီးဖြစ်သည် ။

 

လတ်တလောတွင်လည်း Facebook အသုံးပြု၍ မရသည်အထိ ပိတ်ပင်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည် ။ Whitelist သဘောတရားနှင့် ပတ်သက်၍ နည်းပညာကျွမ်းကျင်သူများက အခုလို ပြောပြလာသည် ။

 

“Whitelist ကတော့ ပွင့်စေချင်တာကို ရွေးရတာပါ ။ ဥပမာ ပွင့်ချင်တဲ့ Military Website တွေကိုပဲ ရွေးဖွင့်ထားပြီး ကျန်တဲ့ တစ်ကမ္ဘာလုံးကဟာတွေ အကုန်ပိတ်သွားမှာပါ ။ ဒါက ဆိုးလားဆိုတော့ တော်တော်ကို ဆိုးပါတယ် ။ ကျနော်တို့ Blacklist သည် သာမာန်နည်းနဲ့ကျော်လို့ ရနိုင်ပါတယ် ။

 

ဘာလို့ဆို Blacklist သည် အရာအားလုံးကို လိုက်မပိတ်နိုင်ပါဘူး ။ ဥပမာ VPN Software တစ်ခု၊ အစက သုံးလို့ရပြီး နောက်ကျ မရတော့တာကို ကြုံဖူးကြမှာပါ ။ ဒါသည် Blacklist နဲ့ လိုက်ပိတ်နေလို့ ဖြစ်ပါတယ် ။

 

Whitelist နဲ့ ဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလိုပဲ ပွင့်စေချင်တာ သီးသန့်ကိုပဲ၊ ဖွင့်ထားတာဆိုတော့ VPN ကျော်လို့လည်း မရတော့ပါဘူး ။” အမှန်တကယ် Whitelist အသုံးပြု၍ ပိတ်ပင်မည်ဆိုပါက Facebook အသုံးပြုခွင့် ရတော့မည် မဟုတ်ပေ ။ Crd

 

စစ်ကောင်စီအနေဖြင့် အင်တာနက်အသုံးပြုမှုအား Whitelist ဖြင့်သာခွင့်ပြုမည်ဟူသောသတင်းများ မကြာမီက ထွက်ပေါ်လာခဲ့ပြီး အသုံးပြုခွင့်ပေးသော App များတွင် Facebook၊ ပါဝင်ခဲ့ခြင်း မရှိသည်ကို အားလုံးသိရှိပြီးဖြစ်သည် ။

 

လတ်တလောတွင်လည်း Facebook အသုံးပြု၍ မရသည်အထိ ပိတ်ပင်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည် ။ Whitelist သဘောတရားနှင့် ပတ်သက်၍ နည်းပညာကျွမ်းကျင်သူများက အခုလို ပြောပြလာသည် ။

 

Whitelist ကတော့ ပွင့်စေချင်တာကို ရွေးရတာပါ ။ ဥပမာ ပွင့်ချင်တဲ့ Military Website တွေကိုပဲ ရွေးဖွင့်ထားပြီး ကျန်တဲ့ တစ်ကမ္ဘာလုံးကဟာတွေ အကုန်ပိတ်သွားမှာပါ ။ ဒါက ဆိုးလားဆိုတော့ တော်တော်ကို ဆိုးပါတယ် ။ ကျနော်တို့ Blacklist သည် သာမာန်နည်းနဲ့ကျော်လို့ ရနိုင်ပါတယ် ။

 

ဘာလို့ဆို Blacklist သည် အရာအားလုံးကို လိုက်မပိတ်နိုင်ပါဘူး ။ ဥပမာ VPN Software တစ်ခု၊ အစက သုံးလို့ရပြီး နောက်ကျ မရတော့တာကို ကြုံဖူးကြမှာပါ ။ ဒါသည် Blacklist နဲ့ လိုက်ပိတ်နေလို့ ဖြစ်ပါတယ် ။

 

Whitelist နဲ့ ဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလိုပဲ ပွင့်စေချင်တာ သီးသန့်ကိုပဲ၊ ဖွင့်ထားတာဆိုတော့ VPN ကျော်လို့လည်း မရတော့ပါဘူး ။ အမှန်တကယ် Whitelist အသုံးပြု၍ ပိတ်ပင်မည်ဆိုပါက Facebook အသုံးပြုခွင့် ရတော့မည် မဟုတ်ပေ ။ Crd