Celebrity News News

အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကိုရီးယားက အဖွဲ့တွေနဲ့အတူ ဆန္ဒထုတ်ဖော်ရင်း တရုတ်သံရုံးကို အိတ်ဖွင့်စာ ပေးနိုင်ခဲ့တဲ့ ဟန်နာယူရီ

Zawgyi [အောက်တွင် Unicode ဖြင့်ဖတ်ရှုနိုင်သည်]

ဟန်နာယူရီကတော့ မြန်မာနိုင်ငံရဲ့ ဒီအရေးတော်ပုံကြီး စတင်ထဲက ပြည်သူတွေနဲ့အတူ စိတ်ရော ကိုယ်ပါနှစ်ပြီး ပါဝင်ရပ်တည်ခဲ့သူ တစ်ယောက်ပါ။ နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ သူမကို ပရိသတ်တွေက လေးစား ချီးကျူး နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင်သူရဲ့ အကောင့်ကနေလည်း မြန်မာနိုင်ငံမှာ နေ့စဉ် ဖြစ်ပျက်သမျှတွေကို နိုင်ငံခြားက သတင်းမီဒီယာတွေ သိအောင် အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးခဲ့သလို အရေးကြီး လိုက်နာသင့်တဲ့ သတင်း အချက်အလက်တွေကိုလည်း ဒီနေ့အထိ ဝေမျှပေးခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း သူမက ပုဒ်မ (၅၀၅ – က ) ဖြင့် အမှုဖွင့် အရေးယူခြင်း ခံထားရတာလည်း ဖြစ်ပါတယ် ။ အခုတော့ ဟန်နာယူရီက လုံခြုံစွာနဲ့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ကိုရီးယားကို ရောက်နေချိန်မှာလည်း အရင်ထက်တောင် ပိုပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိအောင် သူမ တတ်နိုင်တဲ့ နေရာတွေကနေ အစွမ်းကုန် ကြိုးစားနေတုန်းပါပဲနော်။ ကိုရီးယားက အဖွဲ့တွေနဲ့ပေါင်းပြီး အင်တာဗျူးတွေလုပ်ကာ မြန်မာ့အရေးကို ကမ္ဘာကသိအောင် အမှန်တိုင်း ချပြခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း ကိုရီးယားနိုင်ငံက မြန်မာ့နွေဦးတော်လှန်ရေး ထောက်ခံသူများနဲ့ ပူးပေါင်းကာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ် ။ ဒါ့အပြင် တရုတ်သံရုံးကိုလည်း အိတ်ဖွင့်စာ ပေးနိုင်ခဲ့ကြောင်းကို ပုံတွေနဲ့တကွ

” စစ်အာဏာရှင်အမြန်ဆုံးကျရှုံးပါစေ အရေးတော်ပုံအောင်ကိုအောင်ရမည် ဒီနေ့ Korea နိုင်ငံSeoul မြို့ တရုတ်သံရုံးရှေ့ မြန်မာ့နိုင်ငံ့အရေးအတွက် ဆန္ဒပြမှုမှာ မြန်မာ့နွေဦးတော်လှန်ရေးထောက်ခံသူများ(ကိုရီးယား) အဖွဲ့ ဝင်နှင့်အတူသွားရောက်ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ပါတယ်။

တရုတ်သံရုံးကို အိတ်ဖွင့်စာလည်းပေးခဲ့ပါတယ်ရှင် ။ငါတို့မှာငါတို့ရှိတယ် အားတင်းထားမယ်” ဆိုပြီး ရေးသားဝေမျှထားပါသေးတယ် ။ ပရိသတ်ကြီးအတွက် ဟန်နာယူရီရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Unicode