Celebrity News News

ရုပ်ရှင်မင်းသမီးကြီး အမေဒေါ်ဒေစီကျော်ဝင်းထံ သွားရောက်ကာ ကျန်းမာရေးအတွက် အလှူငွေနဲ့ စားစရာများ လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ဝါရင့်အနုပညာရှင်ကတော့ အကယ်ဒမီခန့်စည်သူပဲ ဖြစ်ပါတယ်နော်။ ဒီလိုကာလမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တတ်နိုင်သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူတစ်ယောက်ပါ။

 

ကိုယ်ကျိုးမကြည့်ဘဲ လုပ်ဆောင်နေသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကတော့ ချစ်ခင်အားကျနေကြတာပါ။ခုဆိုရင်လည်း ခန့်စည်သူက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာတွေကို အခက်အခဲတွေကြားကနေ ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

 

အခုလည်း အနုပညာလောကသားထဲက ရုပ်ရှင်မင်းသမီးကြီး အမေဒေါ်ဒေစီကျော်ဝင်းထံကို သွားရောက်ကာ ကျန်းမာရေးအတွက် အလှူငွေများနဲ့ အခြေခံစားသောက်ကုန်များကို သွားရောက် လှူဒါန်းခဲ့ပါတယ် ။ အလှူလက်ခံရရှိတဲ့ ပုံလေးတွေနဲ့အတူ ” ရုပ်ရှင်မင်းသမီးကြီး အမေဒေါ်ဒေစီကျော်ဝင်းထံ သွားရောက်ပြီး ကျန်းမာရေးအတွက် အလှူငွေနှင့် အခြေခံစားသောက်ကုန်များဖြင့်ကန်တော့ခဲ့ပါတယ်။နေကောင်းရဲ့လားအမေ …လို့မေးတော့၊  နေမကောင်းလည်း ကောင်းအောင်နေ နေရတာပေါ့သားရယ် ….လို့ ပြန်ပြောပါတယ်။ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်း ပေးခဲ့ပါတယ်။ ” ရေးသားဝေမျှထားရာ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။

crd