Celebrity News News

ဆိုးလ်မြို့ရှိ တရုတ်သံရုံးအရှေ့မှာပြုလုပ်တဲ့ မြန်မာ့အရေးအတွက် ဆန္ဒပြပွဲကိုလာရောက်ပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ တောင်ကိုရီးယားအနုပညာရှင်တစ်ဦး

ဆိုးလ်မြို့ရှိ တရုတ်သံရုံးအရှေ့မှာပြုလုပ်တဲ့ မြန်မာ့အရေးအတွက် ဆန္ဒပြပွဲကိုလာရောက်ပြီး ပူးပေါင်းပါဝင်ခဲ့တဲ့ တောင်ကိုရီးယားအနုပညာရှင်တစ်ဦး

ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေက အန္တရာယ်တွေကြားကနေ တို က်ပွဲဝင်နေကြသလို ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလ ည်း သူတို့တတ်နိုင်သလောက် တာဝန်ကျေပွန်နေကြတာလည်း ဖြစ်ပါတယ် ။

 

 

မနေ့ကဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ တရု တ်သံရုံးအရှေ့မှာ မြန်မာ့နွေဦးတော်လှန်ရေးထောက်ခံသူများ( ကိုရီးယား)အဖွဲ့က ဦးဆောင်ပြီး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲမှာတော့ တောင်ကိုရီးယားနိုင်ငံက အနုပညာရှင်တစ်ဦးကလည်း ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

 

 

သူ့ရဲ့နာမည်ကတော့ Lee Seo Ho ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက ‌Model ၊ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။ သူကတော့ မြန်မာနိုင်ငံအရေးအတွက် ပြုလုပ်တဲ့ လူထုလှုပ်ရှ ားမှုပွဲမှာ တောင်ကိုရီးယားရောက် မြန်မာတွေနဲ့အတူ လာရေ ာက်အားဖြည့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

Lee Seo Ho နဲ့ မြန်မာအဖွဲ့က တရုတ်သံရုံးအရှေ့မှာ ဆန္ဒထုတ်ဖော်ရင်း အိတ်ဖွင့်ပေးစာလည်း ပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ် ။Lee Seo Ho ကတော့ ဆန္ဒထုတ်ဖော်ပွဲက ပုံရိပ်တွေကို မျှဝေပေးခဲ့သလို Facebook Page ကတစ်ဆင့် တိုက်ရိုက် Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။

 

 

မြန်မာနိုင်ငံအရေးအတွက် အခုလိုကူညီပေးတဲ့ Lee Seo H o ကို မြန်မာနိုင်ငံက ပြည်သူတွေကလည်း ကျေးဇူးတင်စကားတွေပြောပေးခဲ့ကြတာ ဖြစ်ပါတယ် ။ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ တရုတ်သံရုံးအရှေ့မှာပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှ ာ ပါဝင်ခဲ့တဲ့ မင်းသား Lee Seo Ho ရဲ့ပုံရိပ်တွေကို ပြန် လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer