Celebrity News News

လွတ်မြောက်နယ်မြေမှာစစ်သင်တန်းတက်နေရင်း သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတစ်ခုကိုပြောပြလာခဲ့တဲ့ ဟား ၅ကောင်အဖွဲ့ရဲ့ရုပ်သံဗီဒီယို

Unicode

ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်ပြီး လူငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ လူရွှင်တော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟား(၅)ကောင်ကိုသိကြမယ်ထင်ပါတယ်။ ဟား(၅)ကောင်အဖွဲ့ဟာ အမြဲလိုလိုပြောင်မြောက်ထိမိလှတဲ့ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အ၀ရရှိထားသလို ဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ခဲ့တဲ့ လူရွှင်တော်တွေလည်းဖြစ်ပါတယ်။

ဟား(၅)ကောင်အဖွဲ့က အခုဆိုရင်လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီဖြစ်ပြီး Gen Zလူငယ်လေးတွေနဲ့အတူ စစ်သင်တန်းတက်ရောက်နေပြီလည်းဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တွေအဖြစ်ကနေ ပြည်သူကိုအကာအကွယ်ပေးတဲ့ အနုပညာရှင်တွေအနေနဲ့ ရဲရဲ၀င့်၀င့်ရပ်တည်လာခဲ့တဲ့ ဟား(၅)ကောင်ရဲ့ စိတ်ဓာတ်နဲ့သတ္တိကတော့ လက်ဖျားခါလောက်အောင်ကို မွန်မြတ်လှပါတယ်။

 

ဟား(၅)ကောင်အဖွဲ့ဟာ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေရင်း ပရိသတ်တွေအတွက် ဗီဒီယိုလေးတစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးကို တိုင်းကျော်ကသူ့ရဲ့ Facebookစာမျက်နှာမှာ “တော်လှန်ရေးပြီးတဲ့နေ့”ဆိုပြီးရေးသားတင်ပေးလာပါတယ်။ ဒီဗီဒီယိုလေးမှာ ‌”ရုံးမတက်နဲ့၊ ကျောင်းမတက်နဲ့၊သွေးမအေးနဲ့” ဆိုပြီး ပရိသတ်တွေကိုပြောသွားသလို သူတို့ကိုယ်တိုင်လည်း တော်လှန်ရေးကြီးပြီးတဲ့အခါမှာ အငြိမ့်ကချင်တဲ့အကြောင်းလေးပြောသွားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Crd

Zawgyi

ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစနိုင္ၿပီး လူငယ္ေလးေတြနဲ႔ဖြဲ႕စည္းထားတဲ့ လူရႊင္ေတာ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ ဟား(၅)ေကာင္ကိုသိၾကမယ္ထင္ပါတယ္။ ဟား(၅)ေကာင္အဖြဲ႕ဟာ အျမဲလိုလိုေျပာင္ေျမာက္ထိမိလွတဲ့ဟာသျပက္လုံးေတြနဲ႔ ပရိသတ္ေတြရဲ့အားေပးမႈကို အျပည့္အဝရရွိထားသလို ေဖေဖာ္ဝါရီလအစပိုင္းတည္းကတိုင္ အာဏာရွင္ဆန႔္က်င္ေရးမွာ ျပည္သူနဲ႔အတူတစ္သားတည္းရပ္တည္ခဲ့တဲ့ လူရႊင္ေတာ္ေတြလည္းျဖစ္ပါတယ္။

ဟား(၅)ေကာင္အဖြဲ႕က အခုဆိုရင္လြတ္ေျမာက္နယ္ေျမကိုေရာက္ရွိေနၿပီျဖစ္ၿပီး Gen Zလူငယ္ေလးေတြနဲ႔အတူ စစ္သင္တန္းတက္ေရာက္ေနၿပီလည္းျဖစ္ပါတယ္။ ျပည္သူခ်စ္အႏုပညာရွင္ေတြအျဖစ္ကေန ျပည္သူကိုအကာအကြယ္ေပးတဲ့ အႏုပညာရွင္ေတြအေနနဲ႔ ရဲရဲဝင့္ဝင့္ရပ္တည္လာခဲ့တဲ့ ဟား(၅)ေကာင္ရဲ့ စိတ္ဓာတ္နဲ႔သတၱိကေတာ့ လက္ဖ်ားခါေလာက္ေအာင္ကို မြန္ျမတ္လွပါတယ္။

 

ဟား(၅)ေကာင္အဖြဲ႕ဟာ လြတ္ေျမာက္နယ္ေျမမွာ စစ္သင္တန္းတက္ေရာက္ေနရင္း ပရိသတ္ေတြအတြက္ ဗီဒီယိုေလးတစ္ခုတင္ေပးလာခဲ့ပါတယ္။ ဒီဗီဒီယိုေလးကို တိုင္းေက်ာ္ကသူ႔ရဲ့ Facebookစာမ်က္ႏွာမွာ “ေတာ္လွန္ေရးၿပီးတဲ့ေန႔”ဆိုၿပီးေရးသားတင္ေပးလာပါတယ္။ ဒီဗီဒီယိုေလးမွာ ‌”႐ုံးမတက္နဲ႔၊ ေက်ာင္းမတက္နဲ႔၊ေသြးမေအးနဲ႔” ဆိုၿပီး ပရိသတ္ေတြကိုေျပာသြားသလို သူတို႔ကိုယ္တိုင္လည္း ေတာ္လွန္ေရးႀကီးၿပီးတဲ့အခါမွာ အၿငိမ့္ကခ်င္တဲ့အေၾကာင္းေလးေျပာသြားခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Crd