Celebrity News News

သမိုင်းအစဉ်အလာ ကြီးတဲ့ ရဲဘော်သုံး ကျိပ်ဝင် ဗိုလ်ဇေယျ ရဲ့ မြေးမလေး..ဘမျိုးဘိုးတူ အိန္ဒြာကျော်ဇင်

၂၀၀၁ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ Pan-Asia Film Festival မှာ ထိုင်း ရုပ်ရှင် ဒါ ရို က် တာ ရို က်တဲ့ ထိုင်း သမိုင်းကြောင်းဆိုင်ရာ ဇာတ်ကားတစ်ကားပြပါတယ်။ ၁၈ ရာစုမှာ ဗမာဘုရင်တွေ ယိုးဒယားကို စစ်ချီတဲ့ ပြကွက်တွေ ပိုပိုသာသာ ရို က်ပြထားတဲ့ ဇာတ်ကားပါ။.

ဇာတ်ကားပြနေတုန်း မပြီးခင် သိပ်လှတဲ့ မင်းသမီး တစ်ယောက်က ရုပ်ရှင်ပြခန်းထဲက ထ ထွက်သွားပါတယ်။အဲဒီ ထိုင်း ဒါရို က်တာဟာ ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးခဲ့ပြီး ထိုင်းနိုင်ငံပြန်ရောက်တဲ့အခါ ထိုင်းမီဒီယာတွေမှာ ပြင်သစ်ရုပ်ရှင်ပွဲတော် အကြောင်း ဖြေကြားတဲ့အခါ သူ့ရုပ်ရှင် မပြီးခင် ထ ထွက်သွားတဲ့ မင်းသမီးဟာ မြန်မာမင်းသမီး အိန္ဒြာကျော်ဇင် ဖြစ်တဲ့အကြောင်း၊

အိန္ဒြာကျော်ဇင်နဲ့ စကားခဏ ပြောခဲ့ရကြောင်း၊ ဖော်ရွေပြီး သိပ်လှတဲ့ အရည်အချင်းရှိတဲ့ မင်းသမီးတစ်လက် ဖြစ်ကြောင်း၊..

အိန္ဒြာကျော်ဇင်က သူ ရို က်တဲ့ ထိုင်းသမိုင်း ရုပ်ရှင် အကြောင်း မေးကြောင်း၊ အိန္ဒြာကျော်ဇင်နဲ့ အနုပညာလုပ်ငန်းတွေ လက်တွဲလုပ်ဆောင် ချင်လို့ ထပ်ပြီး ဆက်သွယ်ခဲ့ပေမယ့် သူမက ငြင်းခဲ့ကြောင်းတွေ ပြန်ပြောပြခဲ့ပါတယ်။အဲဒီလို ပြတ်သားတဲ့ ရွှေမင်းသမီးဟာ..

သမိုင်းအစဉ်အလာကြီးတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ရဲ့ မြေးမလေးတစ်ယောက် ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ရဲ့ အမေ ဒေါ်ဂျူလီဇေယျ ခေါ် ဒေါ်မြသီတာ ဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျရဲ့ သမီး ၅ ယောက်ထဲက အဖေဖြစ်သူ ဗိုလ်ဇေယျနဲ့ အတူဆုံး သမီးပါ။..

သမိုင်း အစဉ်အလာ ကြီးမားတဲ့ ရဲဘော်သုံးကျိပ်မှာ ဗိုလ်အောင်ဆန်း ပြီးရင် ဗိုလ်လကျာ်နဲ့ ဗိုလ်ဇေယျက ဒုတိယနဲ့ တတိယခေါင်းဆောင် လို့ ဗိုလ်ကျော်ဇော သမီး ဒေါက်တာ လှကျော်ဇောက ရေးဖူးပါတယ်။


၁၉၃၈ ခုနှစ် ရန်ကုန်မြို့မှာ ဗိုလ်အောင်ကျော်..အရေးအခင်း မဖြစ်ခင် ရက်ပိုင်း အလို ဒီဇင်ဘာလ ၁၅ ရက်နေ့က နယ်ချဲ့အစိုးရကို ပထမ ဆုံးအကြိမ် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေထဲက ကိုဌေးမြိုင် (ဒဂုန်တာရာ) ကလည်း အိန္ဒြာကျော်ဇင်ရဲ့ ဦးကြီး တော်စပ်ပါတယ်။..

အဲဒီတုန်းက နယ်ချဲ့အစိုးရဟာ အခုလိုပဲ ပုဒ်မ ၁၄၄ ထုတ်ထားပြီး၊ မြို့ထဲမှာ သံချပ်ကား တွေနဲ့ အင်အားပြနေတဲ့ကြားက အာဏာဖီ ဆန်ပြီး လမ်းပေါ်ထွက်ခဲ့ကြတယ်လို့ ဒဂုန်တာရာက ပြန်ရေးခဲ့ပါတယ်။၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရန်ကုန် ဗိုလ်အောင်ကျော်..


လမ်းပေါ်မှာ ဆန္ဒပြကျောင်းသားတွေကို နယ်ချဲ့အစိုးရက ဖြို ခွ င်းလို့ ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရတဲ့ အတွက် အရေးယူပေးဖို့ မန္တလေးမှာ ဆန္ဒထွက်ပြကြတဲ့အထဲပါဝင်ခဲ့တဲ့ ဖြူဖြူချောချော ကျောင်းသား ကိုလှမောင်ဟာ အိန္ဒြာကျော်ဇင်ရဲ့ အဘိုး ဗိုလ်ဇေယျပဲ ဖြစ်ပါတယ်။..

ဗိုလ်ဇေယျဟာ မိသားစုနဲ့ တကွဲတပြား တောခိုရင်း ကျဆုံးခဲ့ရသလို၊ ဗိုလ်ဇေယျညီ ဦးစိုးဝင်းဟာလည်း ၁၉၈၈ အရေးအခင်းမှာ အဖမ်းခံရပြီး ထောင်ထဲမှာပဲ ကွယ် လွန်ခဲ့ပါတယ်။ကျန်ခဲ့တဲ့ မိသားတစုလုံး အမှန်တရားကို လိုလားလို့ ဒုက္ခသုက္ခ မျိုးစုံခံစားနေရတာ ဒီကနေ့အထိပါပဲ။

Crd