Feature News

ဖခင်ကိုယ်တိုင်က အနီးကပ်ပြုစုပေးနေရတဲ့ စိတ်မကောင်းစရာ ဖိုးသော်ရဲ့လက်ရှိအခြေအနေ

ပရိသတ်ကြီးရေ MMA လက်ဝှေ့ကစားသမား တစ်ဦးဖြစ်တဲ့ ဖိုးသော် ကတော့ ဗုံ-းပေါက်ကွဲမှုမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်မှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ မေလ(၅)ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ယူရိုးပီးယားတာဝါ ဗုံ-းပေါက်ကွဲမှုမှာ ဖိုးသော်က အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။

ယူရိုးပီးယားတာ ဝါ ကတော့ MMA သင်တန်းနဲ့ အားကစား ခန်းမ (GYM) လည်း ဖွင့်ထားပြီး ဖိုးသော် ကိုယ်တိုင် လေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်တဲ့ နေရာလည်းဖြစ်တယ်လို့လည်း သိရပါတယ်။ဖိုးသော်ကတော့ အဆိုပါဗုံ-းကွဲမှုဖြစ်စဉ်ကြောင့် အမှတ်(၂)စစ်ဆေးရုံမှာ လက်ရှိဆေးကုသမှုခံယူနေတာဖြစ်ပြီး ဖခင်ဖြစ်သူ ဦးအောင်နိုင်ကိုယ်တိုင် ပြုစုပေးနေတာလည်း တွေ့ရပါတယ်။

ဖိုးသော်ဟာဆိုရင် တော်လှန်ရေး တိုက်ပွဲကြီးအတွင်း လမ်းပေါ်ထွက် လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ တတ်နိုင်သလောက် အားလုံးနဲ့အတူ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ဗုံ-းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတွေကို ဆေးကုသမှုခံယူနေရတဲ့ ဖိုးသော် တစ်ယောက်အမြန်ဆုံးနေပြန်ကောင်း ကျန်းမာလာစေဖို့ကို မိသားစုတွေနဲ့အတူ ပရိသတ်တွေကလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

crd-original