News

လက်သုံးချောင်းထောင်ခဲ့တာကြောင့် မြန်မာပြည်ပြန်ရင် မလုံခြုံနိုင်တော့တဲ့ ကိုပြည့်လျှံအောင်ကို သူ့ရဲ့အိမ်ခေါ်ထားပါမယ်ဆိုတဲ့ ဂျပန်ရောက်မြန်မာလူမျိုးတစ်ဦး

လက်သုံးချောင်းထောင်ခဲ့တာကြောင့် မြန်မာပြည်ပြန်ရင် မလုံခြုံနိုင်တော့တဲ့ ကိုပြည့်လျှံအောင်ကို သူ့ရဲ့အိမ်ခေါ်ထားပါမယ်ဆိုတဲ့ ဂျပန်ရောက်မြန်မာလူမျိုးတစ်ဦး

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ပြည်သူလူထုက နိုင်ငံတကာသိမြင်အောင်လို့ နည်းလမ်းအမျိုးမျိုးနဲ့ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။မနေ့ညက ဂျပန်နိုင်ငံ၊Chiba မြို့မှာကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မြန်မာအသင်းက ကစားခဲ့တာဖြစ်ပါတယ်။

 

 

ပွဲမစခင်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကနိုင်ငံတော် သီချင်းလိုက်မဆိုခဲ့ကြတဲ့အပြင် ဘောလုံးအားကစားသမား ကိုပြည့်လျှံအောင်ကလည်း လက်သုံးချောင်းထောင်ကာ သူ့ရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းက ဂျပန်အ သင်းကို (၁၀)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာပြည်သူလူထုက တော့ သူတို့ရဲ့ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတ ယ်။

 

 

ကိုပြည့်လျှံအောင်ကလည်း ဖန်သားပြင်ပေါ်မှာ သူ့ရဲ့မျက်နှာပါ လာမယ်မှန်းသိတာတောင် လက်သုံးချောင်းထောင်ခဲ့လို့ မြန်မာပြည်ပြန်လာရင် သူ့အတွက်မလုံခြုံတော့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတစ်ဦးကတော့ ပြန်ဖို့အဆင်မပြေတော့တဲ့ ကိုပြည့်လျှံအောင်ကို တတ်နိုင်သလောက်ကူညီပေ းဖို့စီစဉ်နေတာဖြစ်ပါတယ်။

 

 

စေတနာရှင်မြန်မာလူမျိုးက မြန်မာအသင်းတစ်ဖွဲ့လုံး မြန်မာ့နွေ ဦးပါမယ်ဆိုရင်လည်း အားလုံးကို သူ့ရဲ့အိမ်ခေါ်ထားပြီး တာဝ န်ယူစောင့်ရှောက်ပေးမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လူ့အခွင့်အ ရေးအပြည့်အဝရှိတာကြောင့် နီးစပ်ရာဂျပန်လူမျိုးတွေနဲ့ ရဲတ ပ် သားတွေဆီ အကူအညီတောင်းပြီး သူ့ကိုဆက်သွယ်ဖို့အတွ က် ဖုန်းနံပါတ်ပါ တင်ပေးလာတာဖြစ်ပါတယ်။

အခုလိုမျိုး ရဲရဲရင့်ရင့်နဲ့ မိမိရဲ့ဆန္ဒကိုထုတ်ဖော်ခဲ့တဲ့ ကိုပြည့်လျှံအောင်အပြင် တစ်ဖွဲ့လုံးကိုပါတာဝန်ယူပေးမယ့်အကြောင်းလေ းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer