Celebrity News

အချိန်မတန်သေးဘဲ စောစီးစွာကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းမလေးကြယ်စင်ရဲ့ ကလေးဘဝတုန်းကအမှတ်တရပုံရိပ်များ

လက်ရှိအခြေအနေကြောင့် တချို့လူငယ်လေးတွေကတော့ မိမိတို့ရဲ့အနာဂတ်အိပ်မက်တွေ မပြည့်သေးဘဲ စောစီးစွာကြွေလွင့်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ကျဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေလ ည်း ပါဝင်သလိုပညာတတ်လူငယ်လေးတွေကိုလည်း ဆုံးရှုံးလို က်ရတာဖြစ်ပါတယ်။

(၃.၃.၂၀၂၁)ရက်နေ့က မန္တလေးမှာ ပြုလုပ်ကြတဲ့ လူထုလှုပ် ရှားမှုမှာ အသက်(၁၉)နှစ်အရွယ် သူရဲကောင်းမလေး ကြယ်စင် (ခ) Angel (ခ) ကျားရှိ ကတစ်တပ်တစ်အား ပါဝင်လှု ပ်ရှားခဲ့တာဖြစ်ပါတယ်။

 

 

ကြယ်စင်ကတော့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့်လည်း  အရမ်းရဲရင့်လို့ လူထုလှုပ်ရှားမှုမှာဆိုရင် ရှေ့ဆုံးကနေပါဝင်တာဖြစ်ပါတယ်။မတ်လ(၃)ရက်နေ့၊လူထုလှုပ်ရှားမှာတော့ သူရဲ ကောင်းမလေး ကြယ်စင်ရဲ့ ဦး​ခေါင်းကိုထိမှန်ပြီး နေရာမှာတင် လဲကျသွားခဲ့တာဖြစ်ပါတယ်။

ကြယ်စင်က တစ်ဦးတည်းသောသမီးလေးဖြစ်လို့ မိခင်နဲ့ဖခင်ခမျာ သူမအတွက်ဂုဏ်ယူသော်လည်း ယူကြုံးမရဖြစ်နေတာဖြစ်ပါတယ်။ပြည်သူတွေကလည်း အသက်ငယ်ငယ်လေးနဲ့ကြွေလွင့်သွားခဲ့ရတဲ့ သူမအတွက် နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။

 

 

ဇွန်လ(၃)ရက်နေ့ဆိုရင် ကြယ်စင်လေးကျဆုံးတာ (၃)လပြည့်တော့မှာဖြစ်ပေမယ့် ကျန်ရစ်သူမိသားစုနဲ့ ပြည်သူတွေက အမြဲသတိရနေကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ကြယ်စင်လေးရဲ့ ကလေးဘဝတုန်းက ပုံလေးတွေကို ပြည်သူတွေတွေ့မြင်ပြီး နှမျောတသဖြစ်နေကြတာဖြစ်ပါတယ်။ကြယ်စင်လေးကတော့ ကလေးဘဝကတည်းက ဖြူဖြူစင်စင်လေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး အချိန်မတန်သေးဘဲ ကြွေလွင့်သွားခဲ့ရတဲ့ကြယ်စင်လေးရဲ့ ကလေးဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

 

crd#original writer