Celebrity News

ပြည်ပြေးမဟုတ်ဘဲ ပြည်တွင်းမှာတင် ပြည်သူတွေနဲ့အတူရှိနေကြောင်း သက်သေပြလိုက်ကြတဲ့ တောထဲရောက် ဟားငါးကောင်အဖွဲ့သားတွေရဲ့ပုံရိပ်

ပြည်ပြေးမဟုတ်ဘဲ ပြည်တွင်းမှာတင် ပြည်သူတွေနဲ့အတူရှိနေကြောင်း သက်သေပြလိုက်ကြတဲ့ တောထဲရောက် ဟားငါးကောင်အဖွဲ့သားတွေရဲ့ပုံရိပ်

 

နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြည်သူတွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားကြတာ ဖြစ်ပါတယ် ။ သူတို့အဖွဲ့က လက်ရှိမှာဆိုရင် တောထဲတောင်ထဲကို ရောက်ရှိနေကြတာဖြစ်ပြီး ဘေးကင်းလုံခြုံကြောင်း ပြည်သူတွေကို အသိ ပေးခဲ့တာ ဖြစ်ပါတယ် ။

 

 

မနေ့ကဆိုရင် လူရွှင်တော်တိုင်းကျော်က တောထဲကနေ ဆန္ဒထု တ်ဖော်နေတဲ့ သူ့ရဲ့ပုံရိပ်တစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ဒါ့အပြင် တိုင်းကျော်က တိုးကျော်၊ဝိုင်းကျော်၊ ပိုးလေးတို့နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံအချို့ကိုလည်း လူမှုကွန်ယက်စာမျက်နှာထ က်မှာ တင်ထားတာ တွေ့ရပါတယ်။

 

ဓာတ်ပုံထဲမှာ အတူမပါဝင်နိုင်တဲ့ ပြည်ကျော်ကတော့ လက်ရှိမှာနေမကောင်းဖြစ်နေတာကြောင့် အနားယူခိုင်းထားတာဖြစ်ကြေ ာင်း တိုင်းကျော်က ပြန်ဖြေကြားခဲ့ပါတယ်။ လူရွှင်တော်ပိုးလေးကလည်း “ဟားငါးကောင်သည် ပြည်ပြေးမဟုတ်ပါ ပြည် တွင်းမှာ ပြည်သူတွေနဲ့အတူ ရှိနေပါသည်” ဆိုပြီး သူတို့ရဲ့ရဲရင့်မှုကို ပြသခဲ့ကြတာ ဖြစ်ပါတယ် ။

 

တိုင်းကျော်တို့အဖွဲ့ကတော့ ရောက်ရာအရပ်ကနေ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေကြတာပဲ ဖြစ်ပါတယ် ။ အန္တရာယ်ရှိမှန်းသိရက်နဲ့တောင် ရဲရဲဝင့်ဝင့် အရှေ့ထွက်ပြခဲ့တဲ့ ဟားငါးကောင်အဖွဲ့ရဲ့စိတ်ဓာတ်ကို ပြည်သူတွေက လေးစားနေကြတာလည်း ဖြစ်ပါတယ်။

 

တောတောင်ထဲမှာ အတူတူနေထိုင်နေကြပြီဖြစ်တဲ့ တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့ကတော့ တကယ့်ကို စည်းလုံးညီညွတ်မှု အပြည့်ရှိကြတာပဲ ဖြစ်ပါတယ် ။Source & Photo Cr edit-Taingkyaw’s FB Acc & ပိုးလေး အဖာစနာဆရာကြီး’s FB Acc

crd#original writer