Celebrity News News

တောထဲတောင်ထဲရောက်နေတာတောင် အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ပြီး သွေးမအေးကြောင်းပြသလိုက်တဲ့ လူရွှင်တော်တိုင်းကျော်

တောထဲတောင်ထဲရောက်နေတာတောင် အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ပြီး သွေးမအေးကြောင်းပြသလိုက်တဲ့ လူရွှင်တော်တိုင်းကျော်

လူရွှင်တော် တိုင်းကျော်ကတော့ ပြည်သူချစ် သရုပ်ဆောင်တစ်ဦးဖြစ်သလို ဟားငါးကောင်အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ် ။ တိုင်းကျော်က လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်တဲ့ အချိန်ကတည်းက လမ်းပေါ်ထွက်ပြီး တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ် ။

 

 

လက်ရှိမှာဆိုရင်လည်း တိုင်းကျော်က ပြည်သူတွေအတွက် စိ တ်ခွန်အားဖြစ်စေမယ့် ဗီဒီယိုလေးတွေဖန်တီးရိုက်ကူးပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် မျှဝေပေးနေတာ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ လူရွှင်တော် တိုင်းကျော်က အခုလည်း သူ့ရဲ့ Facebook Account မှာ ဓာတ်ပုံတစ်ချို့ကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ တိုင်းကျော်က “အရေးတော်ပုံအောင်ရမည်” ဆိုပြီး တောထဲတောင်ထဲကို ရော က်ရှိနေတဲ့ပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ် ။

 

 

 

လက်သုံးချောင်းထောင်ပြီး သူ့ရဲ့ရင်တွင်းဆန္ဒအမှန်ကို ဖော်ထု တ်ပြသနေတဲ့ တိုင်းကျော်က ရောက်ရာနေရာကနေ တာဝန် ကျေပွန်ကြောင်း ပြသခဲ့တာ ဖြစ်ပါတယ် ။ဓာတ်ပုံထဲမှာတော့ တိုင်းကျော်က တောတွင်းတစ်နေရာကို ရောက်ရှိနေတာဖြစ်ပြီး နေထိုင်ဖို့အတွက် အိမ်ဆောက်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။

 

 

ပြည်သူတွေကတော့ ရဲရင့်တဲ့စိတ်ဓာတ်အပြည့်ရှိတဲ့ လူရွှင်တော်တိုင်းကျော်ကို လေးစားချီးကျူးနေကြပြီး ဘေးကင်းစေဖို့အတွ က်လည်း ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက် ပိုင်းကလည်း တိုင်းကျော်က သူ့အတွက်စိုးရိမ်နေတဲ့ ပရိသတ်တွေကို စိတ်မပူဖို့ပြောပြီး သူ့အနေနဲ့ ဘေးကင်းလုံခြုံကြောင်း ပြောပြခဲ့သေးတာပဲ ဖြစ်ပါတယ် ။

crd#original writer