Cooking News

လက်သုံးချောင်းထောင်ကာ အားပေးစကားပြောပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်းပြသခဲ့တဲ့ မင်းသား Lee Seung Gi နဲ့ ကိုရီးယားအနုပညာရှင်များ

လက်သုံးချောင်းထောင်ကာ အားပေးစကားပြောပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်းပြသခဲ့တဲ့ မင်းသား Lee Seung Gi နဲ့ ကိုရီးယားအနုပညာရှင်များ

လက်ရှိအခြေအနေတွေဆိုးရွားနေတဲ့ မြန်မာနိုင်ငံအတွက် ပြည် ပနိုင်ငံတော်တော်များများက ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ရှုံ့ချကာ ရပ်တ န့်ပေးဖို့တိုက်တွန်းထားကြတာတွေ့ရသလို နိုင်ငံသီးသီးမှာ ရေ ာက်ရှိနေကြတဲ့ မြန်မာပြည်သူတွေကလည်းအရေးတော်ပုံကြီးမှာ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ပါဝင်အားဖြ ည့်နေကြတာ ဖြစ်ပါတယ်..။

 

 

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားဖြစ်တဲ့ Lee Seun g Gi တို့ကလည်း မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသကာ အားပေးစကားတွေလည်း ပြောလာပါတယ်..။

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် SBS ရုပ်သံရဲ့ ပရိုဂရမ်တစ်ခုမှာ မြန်မာနိုင်ငံသားဖြစ်တဲ့ ဆရာမချမ်းမြမြသော်ကို အဓိကထားပြီး ကမ္ဘာအရပ်ရပ်(ပြင်သစ်၊ အီတလီ စတဲ့) နိုင်ငံခြားသာ းတွေ စုဝေးပြီး မြန်မာ့အရေးကို သုံးသပ်ဆွေးနွေးကြမယ့် “Master in the house” ဆိုတဲ့ အစီအစဉ်မှာ မင်းသ ား Lee Seung Gi က အခြားအနုပညာရှင်တွေနဲ့အတူ MC အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်..။

 

 

MC အနေနဲ့ the master in the house အဖွဲ့သားများက (Lee Seung Gi, Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးဆောင်ကြပြီး ပါဝင်ဆွေးနွေးသူများအဖြစ် ကိုရီးယား နိုင်ငံမှာ နာမည်ကျော် အနုပညာရှင်အနေနဲ့ ရပ်တည်နေကြတဲ့ အမေရိကန်လူမျိုး Ty lor, ပြင်သစ်လူမျိုး Robin, အီတလီလူမျိုး Alberto, အိန္ဒိယလူမျိုး Lucky, တရုတ်လူမျိုး Magukjinတို့ ပါဝ င်ဆွေးနွေးခဲ့ကြပါတယ်။

 

 

ရိုက်ကူးရေးအပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ မင်းသား Lee Seung Gi နဲ့ အခြားအနုပညာရှင်တွေအားလုံးက လက်သုံးချောင်းထောင်ကာ အားပေးရင်း မြန်မာပြည်သူနဲ့ရပ်တည်နေကြောင်းပြသလိုက်တာ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီတစ်ရက်နေ့ကတည်းက ယနေ့အချိန်ထိ အဖြစ်အ ပျက် အခြေအနေတွေကို ဆွေးနွေး တင်ဆက်ခဲ့တာဖြစ်ပြီး ပရိုဂရမ် တာဝန်ရှိသူတွေက ဒါကို အဆင်ပြေသလို တည်းဖြတ်က ာ ၆လပိုင်း ၆ရက် TVမှာ ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

 

 

“MCများ အားလုံးနဲ့ နိုင်ငံခြားသား အနုပညာသည် အားလုံးတို့ဟာ မြန်မ့ာအရေးကို အမှန်တကယ် စိတ်ဝင်တစား ရှိနေကြပြီး စိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကို သိခဲ့ရပါတယ်။ မင်းသ ား Lee Seung Gi ဆိုရင် ကျွန်မကို ဘာကြောင့် ဒီလို ဖြစ်ရသလဲကို သူ စဥ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။

 

 

Idol Cha Eun Wooကလည်း အစီအစဥ် ပြီးတဲ့အထိ ကျွန်မနဲ့ စကားပြောရင်း မြန်မာလို ကျွန်မ သင်ပေးလိုက်တဲ့ “အားတင်းထား”ဆိုတဲ့ စကားလေးကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်။ ကလေးအဖေ ဖြစ်တဲ့ အားကစား ချန်ပီယံ Kim Dong Hyunကဆိုရင် ကလေးငယ်တွေ သေဆုံးမှုအကြေ ာင်း နားထောင်ပြီး ကျွန်မ ဘေးကနေ သက်ပြင်း အကြိမ်ကြိမ် ချနေခဲ့ပါတယ်။

 

အမေရိကန် လူမျိုး Tylorကလည်း မြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွေ ရှိတာ သိရပေမယ့် ထိရေ ာက်တဲ့ လုပ်ဆောင်မှုတွေ မပေးနိုင်တာကြောင့် သူ အားနာမိကြောင်းနဲ့ မြန်မာ့အရေးကို သူ့ ကိုယ်ပိုင် snsမှာ တင်ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။..” ဆိုပြီးတော့လည်း ဆရာမချမ်းမြမြသော်က ပြောပြထားပါသေးတယ်..။

crd#original writer