News

အာဏာရှင်လူတစ်စု အထိနာသွားစေလောက်မယ့် ခပ်ကြမ်းကြမ်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်

အာဏာရှင်လူတစ်စု အထိနာသွားစေလောက်မယ့် ခပ်ကြမ်းကြမ်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်

ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ POSCO Interna tional ဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းရဲ့ ၈.၅% ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီနှစ်တောအတွင်းမှာ ကိုရီးယားသဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းဟာ POSCO Intern ational ကအမြတ်ငွေဘီလီယံ ၂၀ဝ (ဒေါ်လာ ၁၆.၇ သန်း) ရရှိခဲ့ပါ တယ်။

 

 

၂၀၂၀ ခုနှစ်မှာဆို အမြတ်အစွန်း ၃၀၅.၆ ဘီလီယံဝမ်ရရှိခဲ့ပါတယ်။ ဒီလိုဝင်ငွေတွေရရှိတဲ့အပေါ်မှာ လည်း မြန်မာနိုင်ငံအတွ က် ပြည်တွင်းအခွန်ငွေတွေ ပေးဆောင်ရတာရှိပါတယ်။ ဒီအပေ ါ်မှာ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ ဒေါဘူးလောမင်းဂျူးပါတီရဲ့ လွှတ်တော်အမတ် ကင်မ်ယုံးမင်က “ POSCO International က မြန်မာနိုင်ငံအတွက် ဝင်ငွေခွန်ခွဲခြမ်းပေးဝေမှုကိုရပ်ဆိုင်းပေးပါ” လို့ တောင်းဆိုလာခဲ့ပါတယ်။

 

 

ဒီတောင်းဆိုမှုရဲ့နောက်မှာပဲ လွှတ်တော်အမတ်က ထပ်မံပြီး ” ဒီလောက်များတဲ့ငွေတွေကို အဆုံးရှုံးမခံနိုင်တဲ့ POSCO ရဲ့ အ နေအထားကိုလည်း ကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်။ ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေကို မရပ်ခိုင်းပါဘူး။

 

အခုဆို အာဏာသိမ်းပြီးသုံးလကျော်ခဲ့ပြီ။ အရပ်သား (၈၀၀) ကျော်ကျဆုံးခဲ့ရပြီ။ ဒီလို မတရားတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့ အခုရထားတဲ့ အမြတ်ငွေတွေကို မြန်မာစစ်တပ်ကို ခွဲဝေပေးဖို့ ခဏရပ်ဆိုင်းပေးပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒီမိုကရေစီပန်းတိုင် အဆုံးအထိ လက်တွဲသွားမှာပါ။ ” ဟုဆိုက ာ သူ့ရဲ့သဘောထားအမှန်ကို အတိအလင်းပြောကြားခဲ့ပါတယ် ။

 

 

ပြည်သူ့အာဏာဟာပြည်သူ့လက်ထဲမှာမရှိတော့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းကစပြီး မြန်မာပြည်သူတွေဟာ ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ မြန်မာပြည်သူတွေကိုစာနာပြီး အစစအရာ ရာကူညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။

 

 

လက်ရှိအချိန်ထိ ရတဲ့ဖက်ကကြိုးစားပြီးကူညီပေးနေတာ တ ကယ်ကိုကျေးဇူးတင်ဖို့ ကောင်းပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ မလုံခြုံခဲ့ရတဲ့ဘဝတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့ အခုလိုကူ ညီပေးကြတဲ့ ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကိုလည်း မြန်မာပြ ည်သူတွေက အမြဲကျေးဇူးတင်နေမှာပါ။

crd#original writer