Articles

မိုးထဲလေထဲကနေ ထွက်ပေါ်လာကြတဲ့ ရန်ကုန်မြို့ တောင်ဥက္ကာလာပမြို့နယ်ရှိလူငယ်တွေရဲ့သပိတ်စစ်ကြောင်းမြင်ကွင်းဗီဒီယို

မိုးထဲလေထဲကနေ ထွက်ပေါ်လာကြတဲ့ ရန်ကုန်မြို့ တောင်ဥက္ကာလာပမြို့နယ်ရှိလူငယ်တွေရဲ့သပိတ်စစ်ကြောင်းမြင်ကွင်းဗီဒီယို

 

တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သပိတ်စစ်ကြောင်းတွေ ပြန်လည် အားကောင်းလာတဲ့အချိန်ကစပြီး ရန်ကုန်မြို့အတွင်းမှာလည်း သပိတ်စစ်ကြောင်းတွေ အရင်ကထက် ပိုများပြားလာတာကို တွေ့ရပါတယ်။

ဖိနှိပ်မှုတွေကြားထဲကနေထွက်ပေါ် လာကြတဲ့ ဆန္ဒပြသပိတ်တွေဟာဆိုရင် လူငယ်အများစုဦးဆေ ာင်နေကြတာဖြစ်ပြီး ပြောက်ကျားသပိတ်တွေအနေနဲ့ နေရာအနှံ့ထွက်ပေါ်ကာ ဆန့်ကျင်တော်လှန်နေကြတာတွေ့ရပါတယ်။

 

 

 

ယနေ့မေလ(၂၆)ရက်နေ့မှာဆိုရင်လည်း မြန်မာနိုင်ငံအနှံ့အပြားမှာ ဆန္ဒပြသပိတ်တွေစဉ်ဆက်မပြတ်ထွက်ပေါ်နေတာဖြစ်ပြီး ရန်ကုန်မြို့ရှိ တောင်ဥက္ကာလာမြို့နယ်မှာလည်း လူငယ်တွေဦး ဆောင်ကာ “သွေးကြွေးမှာဆွေးနွေးစရာမရှိ” ဆိုတဲ့ ဆိုင်းဘု တ်ကိုင်ဆိုင်ကာ မင်းသားချော ဘုန်းဆက်သွင်အပါအ၀င် Ge n Zလူငယ်လေးတွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။

 

 

မိုးတွေရွာနေတဲ့အချိန်မှာတောင် အာဏာရှင်စနစ်ကို အဆုံးထိတော်လှန်နေကြတဲ့ပြည်သူတွေရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာကောင်းလွန်းပါတယ်။ မိုးထဲလေထဲကသပိတ်စစ်ကြောင်းပုံရိပ်တွေနဲ့ ဗီဒီယိုတွေကို ဘုန်းဆက်သွင်က သူ့ရဲ့ Facebook စာမျက်နှာမှာ “သွေးကြွေး မှာ ဆွေးနွေးစရာမရှိအားတင်းထားပါ ကယားရယ်

အားတင်းထာပါ မင်းတပ်ရယ်

အားတင်းထားပါ မြင်းခြံရယ်

မင်းတို့ နောက်မှာ ငါတို့ရှိတယ်

ငါတို့မှာ ငါတို့ဘဲ ရှိတယ်

ငါတို့မှာ အမှန်တရား ရှိတယ်

အမှန်တရား မှာ အနိုင်ဘဲ ရှိတယ်

အရေးတော်ပုံ အောင်ရမည်……” ဆိုပြီးရေးသားဖော်ပြလာခဲ့ပါတယ်။ ကဲ….ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

crd#original writer