News

သတင်းတွေ အဓိက စီးဆင်းရာဖြစ်တဲ့ Facebook နှင့် Twitter ကို မြန်မာနိုင်ငံမှာ လုံးဝသုံးစွဲခွင့် မရအောင် လုပ်ဆောင်တော့မယ့် အာဏာရှင်လူတစ်စု

သတင်းတွေ အဓိက စီးဆင်းရာဖြစ်တဲ့ Facebook နှင့် Twitter ကို မြန်မာနိုင်ငံမှာ လုံးဝသုံးစွဲခွင့် မရအောင် လုပ်ဆောင်တော့မယ့် အာဏာရှင်လူတစ်စု

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ တစ်ရက်နေ့တည်းကစပြီး မငြိမ်သ က်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီဟာ ပြည်သူအချင်း ချင်း အပြန်အလှန် ဆက်သွယ်မရအောင် ဆက်သွယ်ရေး ဆိုင် ရာ ဖုန်းလိုင်းများအပြင် အင်တာနက်လိုင်းများ အားလုံးကို ဖြ တ်တောက်ကာ သတင်း အမှောင်ချဖို့ ကြိုးစားခဲ့ကြပါတယ်။

 

 

နောက်ပိုင်းတွေမှာတော့ ဖုန်းလိုင်းများနဲ့ အင်တာနက်လိုင်းတွေကို ပြန်လည်ဖွင့်ပေးခဲ့ပေမယ့် Facebook, Instagra m နဲ့ တခြား လူမှုကွန်ရက်တွေကို VPN ကျော်ပြီးသုံးစွဲနေရဆဲပါပဲ။ ပြည်သူတွေကတော့ ရရာနည်းလမ်းတွေကို အသုံးချပြီး မြန်မာနိုင်ငံက ဖြစ်စဉ်အမှန်တွေကို နိုင်ငံတကာက မီဒီယာတွေ သတိထားမိလာအောင် Facebook နဲ့ Twitter တို့မှာ အစဉ်မပျက် တင်ပေးနေကြပါတယ်။

 

 

ဒီလိုအချက်တွေကြောင့်လည်း စစ်ကောင်စီဟာ အင်တာနက်ကို whitelist ဖြင့်သာ သုံးစွဲနိုင်ဖို့ ကြိုးပမ်းနေခဲ့ပြီး Facebo ok ၊ Twitter ၊ Instagram စတာတွေကို လုံးဝ သုံးမရအောင် ပိတ်ပစ်ဖို့ကြိုးစားနေကြောင်း သိရပါတယ် ။ အခြား ပညာရေးနှင့်သက်ဆိုင်တဲ့ အင်တာနက်ဝန်ဆောင်မှု ၁၀ မျိုးနဲ့ Google ၊ Microsoft အပါအဝင် စီးပွားဆက်စပ် app ပေါင်း ၃၀၀ ကျော်ကိုတော့ သုံးစွဲခွင့် whitelist စာရင်းတွ င် အတည်ပြုပေးထားတယ်လို့လည်း သိရပါတယ်။

 

 

Facebook နဲ့ Twitter ကို ဒီလိုသာ အမှန်တကယ် ပိတ်ခဲ့မယ်ဆိုရင် လူငယ်တွေအနေနဲ့ မိမိတို့ သိလိုရာ အကြောင်း အရာများကို အလွယ်တကူ ရှာဖွေရန် ခက်ခဲတော့မှာ ဖြစ်တာကြောင့် နည်းပညာတွေကို ခေတ်နဲ့အညီ မသိနိုင်တော့ပါဘူး ။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ” အရာရာတိုင်းက ပိုခက်ခဲလာပြီး လူတွေက သူတို့ရဲ့ တိုးတက်မှုကို ရှာဖွေဖို့ လိုအပ်တဲ့ website စာမျက်နှာတွေကို ဝင်ကြည့်လို့ မရတော့ပါဘူး။ အင်တာနက်ကို လွတ်လပ်စွာသုံးစွဲကြည့်ရှုခွင့် မရတော့တဲ့အ တွက် တခြားသောနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာပြည်သူတွေအနေနဲ့ နယ်ပယ်တိုင်းမှာ နောက်ကျကျန်ခဲ့တော့မှာဖြစ်ပါတယ် ”

 

 

 

ဟု မြန်မာ့ဆက်သွယ်ရေးနယ်ပယ်မှ ပညာရှင်တစ်ဦးက ပြောလာခဲ့ပါတယ်။ ဆုတ်ယုတ်လာတဲ့ နိုင်ငံ့စီးပွားရေးကို အဖတ် ဆယ်နိုင်ရန် စစ်ကောင်စီက မည်မျှပင်ကြိုးပမ်းစေကာမူ ယခုထုတ်ပြန်လိုက်တဲ့ whitelist စာရင်းက ကယ်တင်နိုင်မည် မဟုတ်ကြောင်း ခန့်မှန်းထားကြသည်။ လေ့လာစောင့်ကြည့်သူများကို မျက်စိကျစေသည့် နောက်တစ်ချက်မှာ အဆိုပါစာ ရင်းတွင်ပါဝင်သော ဂိမ်းများဖြစ်သည်။

 

 

Facebook နှင့် Twitter ကို စာရင်းမှ ပယ်ထားသော် လည်း လူငယ်ကြိုက် အွန်လိုင်းဂိမ်းများဖြစ်သည့် Candy Crush၊ Mobole Legends: Bang Bang၊ PUBG Mobile အပါအဝင် ဂိမ်းပေါင်း ၄၀ ကျော်ကို ထည့်သွင်းထားသည်။ ” စစ်ကောင်စီက လူငယ်တွေကို နိုင်ငံ ရေးမှာ မပါဝင်စေချင်ဘူး” လို့လည်း လူငယ်တစ်ယောက်က သူ့ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးခဲ့ပါတယ်။

crd#original writer