Articles

ထမင်းငတ်ခဲ့တဲ့နေ့တွေများသလို ရေဆာလွန်းလို့ အကောင်ပ လောင်တွေပါတဲ့ ရေတောင်သောက်ခဲ့ရတဲ့ တောထဲက PDF အဖွဲ့ဝင်လူငယ်တွေရဲ့ဘဝများ

ထမင်းငတ်ခဲ့တဲ့နေ့တွေများသလို ရေဆာလွန်းလို့ အကောင်ပ လောင်တွေပါတဲ့ ရေတောင်သောက်ခဲ့ရတဲ့ တောထဲက PDF အဖွဲ့ဝင်လူငယ်တွေရဲ့ဘဝများ

အသက်ဆုံးရှုံးနေရတဲ့သူတွေ များပြားလာတာနဲ့အမျှ ပြည်သူတွေကို ကာကွယ်ချင်စိတ်ရှိတဲ့ သူရဲကောင်းတွေကလည်း PD F အဖွဲ့တွေမှာ ပါဝင်လာကြတာ ဖြစ်ပါတယ် ။ အခုဆိုရင် မြန် မာနိုင်ငံရှိ မြို့နယ်အသီးသီးမှာ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အမျာ းအပြားရှိနေပြီ ဖြစ်ပါတယ် ။

 

 

PDF အဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးကလည်း သူ့ရဲ့ရည်ရွယ်ချက်နဲ့ဆန္ဒတစ်ချို့ကို ပြောပြခဲ့တာ ဖြ စ်ပါတယ် ။အသက် (၂၇) နှစ်အရွယ်ရှိတဲ့ အဲ့ဒီလူငယ်လေးက တော့ ဖေဖော်ဝါရီလကတည်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကနေလည်း ပြည်သူတွေကိုကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် ။

 

 

Defender အဖြစ် တာဝန်ယူရင်းနဲ့ သူ့လက်ပေါ်မှာတင် အ သက်ဆုံးရှုံးခဲ့ရတဲ့သူတွေရှိလာခဲ့တာကြောင့် “ငါတို့ ဒီလိုပဲ ဆန္ဒလေးပြလိုက် လာဖြိုခွဲရင် ပြန်ပြေးလိုက် ကျန်ရစ်ခဲ့တဲ့သူက သေလိုက်နဲ့ ဆက်သွားလို့ရပါဦးမလားပေါ့” ဆိုပြီး တွေးမိခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့အနေနဲ့ နောက်ဆုံးမှာတော့ အခုလို တောထဲတောင်ထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရေးဆင်းနေတဲ့ PDF အဖွဲ့ဝင်တစ်ယောက် ဖြစ်လာကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ် ။

 

 

ဒီလိုအခြေအနေ ရောက်သွားတဲ့အခါမှာတော့ သူချစ်ရတဲ့သူင ယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခွဲခွာပြီး အလုပ်တွေလည်းရပ်နားလိုက်ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် “တောထဲမှာ ဒဏ်ရာရရင် တောင် အရွက်အုံပြီးနေရကြောင်း၊ စားစရာမရှိလို့ ထမင်းငတ်ခဲ့ရတဲ့နေ့တွေလည်းရှိကြောင်း၊ ရေအရမ်းဆာတာကြောင့် အ ကောင်ပလောင်တွေပါတဲ့ ရေတွေတောင် သောက်ခဲ့ရကြောင်း”

 

 

စသည်ဖြင့် သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေကိုလည်း ရင်ဖွင့်ထားပါသေးတယ်။ ဒါပေမဲ့လည်း သူမျှော်မှန်းထားတဲ့အတိုင်း အရင်လိုဘဝလေးပြန်ရပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ် ။ အချိန်မရွေး အ သက်ဆုံးရှုံးနိုင်သလို ကိုယ်လက်အင်္ဂါတွေပါ ဆုံးရှုံးနိုင်ခြေရှိမှန်းသိရက်နဲ့တောင် စွန့်လွှတ်အနစ်နာခံနေတဲ့ PDF အဖွဲ့ဝင်လူင ယ်လေးရဲ့စာကိုဖတ်ပြီး ပြည်သူတွေပါ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

 

crd#original writer