Celebrity News

အပင်ပန်းခံကြိုးစားခဲ့တဲ့အိပ်မက်ကို လက်ရှိအခြေအနေတွေကြောင့် စွန့်လွှတ်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသလိုက်တဲ့ စိန်ဖြိုးလှိုင်

အပင်ပန်းခံကြိုးစားခဲ့တဲ့အိပ်မက်ကို လက်ရှိအခြေအနေတွေကြောင့် စွန့်လွှတ်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသလိုက်တဲ့ စိန်ဖြိုးလှိုင်

သရုပ်ဆောင်အနုပညာရှင်တစ်ယောက်အဖြစ် ဇာတ်ကားတွေများစွာရိုက်ကူးထားတဲ့ နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင်က တော့ ဆရာဝန်တစ်ယောက်အဖြစ်လည်း ပြည်သူတွေကို အကျို းပြုနေသူလည်း ဖြစ်ပါတယ်..။

 

 

စိန်ဖြိုးလှိုင်ကတော့ လက်ရှိအခြေအနေတွေကြောင့် လပေါင်းများစွာ တစ်နှစ်လောက်အပင်ပန်းခံကြိုးစားခဲ့တဲ့ သူ့ရဲ့အိပ်မက်တွေကို စွန့်လွှတ်လိုက်တဲ့အကြောင်း ပြောပြလာပါတယ်..။

အခုလိုအချိန်မှာ ကျောင်းတက်ပြီး ဘွဲ့ယူမယ့်အစား ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ကာ ကျောင်းနားလိုက်တဲ့အကြောင်းပြောပြထားတာပါ..။

 

 

ဘွဲ့ယူဖို့ ၆လလောက်ပဲ ကျန်တော့တာဖြစ်ပေမယ့် အခုလိုတိုင်း ပြည်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလို ကျောင်းဆ က်တက်ပြီး ဘွဲ့ရလာရင်လည်း ပြည်သူတွေအတွက် အကျိုးမပြုနိုင်တဲ့အတွက် ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်..။

 

 

“ကျွန်တော့်ရဲ့ Master ဘွဲ့အိမ်မက်ကိုစွန့်လွှတ်ခြင်း ကျွန် တော် Covid မဖြစ်ခင် ၁ နှစ်လောက်ကတည်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာ တန်း ( EMPA ) သင်တန်းကိုစတက်ခဲ့တာပါ။ ရေးဖြေ, လူတွေ့ တွေဖြတ်ကျော်ပြီးမှာ ဝင်ခွင့်ရခဲ့လို့ အလွယ်တကူ တက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူး။

တက်ခွင့်ရတော့လဲ ညနေတိုင်း တစ်ပတ် ၅ ရက်နဲ့ စနေနေ့ နေ့တစ်ဝက် ကိုအလုပ်ဆင်းပြီးအိမ်မပြန်ပဲ တက်ခဲ့တာပါ။ ကြားထဲမှာလဲ ဘာသာရပ်တွေကို စိတ်ဝင်စားလို့ စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင်ကြိုးစားဖြေခဲ့ပါတယ်။

အခု Covid ကတည်း ကပိတ်ထားတဲ့ကျောင်းကို ပြန်ဖွင့်ဖို့အမိန့်စာထွက်လာတော့ ကျွန်တော်ဆုံးဖြတ်ရတော့မဲ့ အချိန်ရော က်လာပါတယ်။ ဒီလို အခြေအနေတွေမှာ ၆လပဲကျန်တော့တဲ့ ကျောင်းကိုကြိတ်မှိတ်ပြန်တက်ပြီး ဘွဲ့ရအောင်ယူမလား, ကိုယ်လိုချင်လွန်းလို့ တစ်နှစ်လောက်ညနေတိုင်း အပင်ပန်းခံခဲ့တာတွေကို လွှတ်ပစ်ပြီး ကျောင်းနားမလားဆိုတာပါ။ Master ယူဖို့ဆိုတာ ကျွန်တော့ အိမ်မက်တွေထဲက တစ်ခုပါ။

 

 

အခုလိုတိုင်းပြည်ဒုက္ခ ရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလိုကျောင်းဆက်တက်ပြီး ဘွဲ့ရလာတော့လဲ တိုင်းပြည်အတွက်သုံးပေးလို့မရတော့မဲ့အတူတူ ဆက်မတက်တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်။..” ဆိုပြီး စိန်ဖြိုးလှိုင်က ပြောပြထားတာ ဖြစ်ပါတယ်..။

အပင်ပန်းခံကြိုးစားခဲ့တဲ့ အိပ်မက်တွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ စိန်ဖြိုးလှိုင်ရဲ့ သဘောထားတွေကို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတချို့နဲ့ ပရိသတ်တွေကလည်း လေးစားချစ်ခင်ကြတဲ့အကြောင်းတွေကို မှတ်ချက်ပေး ရေးထားကြတာ တွေ့ရပါတ ယ်..။

crd#original writer