Articles

သုဝဏ္ဏက မင်္ဂလာဆောင်ဗုံးပေါက်ကွဲမှုမှာ စိတ်ထားကောင်းပြီး သူတစ်ပါးကိုကူညီတတ်တဲ့ ပရဟိတလူငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်

သုဝဏ္ဏက မင်္ဂလာဆောင်ဗုံးပေါက်ကွဲမှုမှာ စိတ်ထားကောင်းပြီး သူတစ်ပါးကိုကူညီတတ်တဲ့ ပရဟိတလူငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်

ပြီးခဲ့တဲ့ မေလ (၂၅) ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ ဗုံးပေါက် ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ သင်္ဃန်းကျွန် းမြို့နယ်၊ နှင်းဆီကုန်း(က)ရပ်ကွက်၊ ဇေယျသုလမ်းက မင်္ဂဆောင်ဗုံးပေါက်ကွဲမှုမှာဆိုရင် သတို့သမီးအပါအဝင် စုစုပေါင်းသုံးဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

 

 

ကွယ်လွန်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဇော်ဝင်းအောင်ကတော့ “လူငယ်အင်အား ကမ်းလက်စေတနာ” ပရဟိတအ သင်းမှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ် ။

 

ကိုဇော်ဝင်းအောင်က အသက် (၁၉) နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး အစ်ကိုဝမ်းကွဲဖြစ်သူရဲ့ မင်္ဂလာ ဆောင်မှာ သွားရောက်ကူညီရင်းနဲ့ အခုလိုသေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး သူတစ်ပါးကို အမြဲတမ်းကူညီတတ်တဲ့ ကိုဇော်ဝင်းအောင်က တကယ့်ကို လူချစ်လူခင်ပေါများတဲ့သူလည်း ဖြစ်ပါတယ် ။

 

 

အခုလည်း သူနဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေက ကိုဇော်ဝင်းအောင်လို ပရဟိတသမားကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေကြတာလည်း ဖြစ်ပါတယ် ။

 

 

ပြည်သူတွေကလည်း ကိုဇော်ဝင်းအောင်ရဲ့အကြောင်းကိုကြားပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အခုလက်ရှိလူမှုကွန်ယက်စာမျက်နှာမှာဆိုရင်လည်း ကိုဇော်ဝင်းအောင်ရဲ့ပုံရိပ်တွေနဲ့အတူ သူ့အတွက် ဝမ်းနည်းကြောင်းရေးသ ားထားတဲ့စာတွေ ပျံ့နှံ့လာတာ တွေ့ရပါတယ်။

မင်္ဂလာဆောင်လက်ဖွဲ့ကနေ ဗုံးပေါက်ကွဲခဲ့တဲ့ ဒီဖြစ်စဥ်မှာတော့ သတို့သမီးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၈)ဦးခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

 

crd#original writer